Loading ...

Help! I'm Depressed! (Emotional Control): As I Grow Up Series

Author NeonB And Jung Da-Jung
In Library 1 books
Book ID GN 0428 AG-EC
Category New Arrival: Self-Help Comics (Age 9+)
Genres Self-help book Nonfiction Comics Comics
Remaining - (-1) Books
Credit Point - 3 points

Description

Reading Age 8+
195 pages
🔸 Help! I'm Depressed!
ဒီ comic book လေးကတော့ တောင်ကိုရီးယားမှာ good review တွေ အများကြီးရထားတဲ့ As I Grow Up Comic Series ထဲက အသစ်ထွက်ရှိလာတဲ့ စာအုပ်လေးပါ။
ဒီစာအုပ်လေးထဲမှာတော့ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု (Emotional Control) အတွက် အဓိကရေးသားထားတဲ့ ကာတွန်းဇာတ်လမ်းလေးကို ဖတ်ရှုရမှာပါ။
ဒီ ကာတွန်းဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်ကောင်လေးကတော့ ငယ်ငယ်က English စာမှာ ပါရမီပါတယ်လို့ သတ်မှတ်ခံရပေမယ့် ကြီးလာတဲ့အခါ English ကို သင်ရမှာ ကြောက်လာပြီး သူ့ကိုယ်သူ ဘယ်နေရာမှာမှ မတော်ဘူးလို့ ခံစားနေရတဲ့ ကောင်မလေး Shana Yoo ပါ။
သူ့ကိုယ်သူ အဆိုးဘက်က အမြဲတွေးပြီး စိတ်ဓါတ်ကျနေတဲ့ Shana တစ်ယောက် ဘယ်လိုပြန်ပြီး ကိုယ့်ကိုကိုယ် ချစ်တတ်လာလဲဆိုတဲ့ ဇာတ်လမ်းလေးကတစ်ဆင့် သားသားမီးမီးတို့က -
Depression ဆိုတာဘာလဲ?
စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ကြုံတွေ့လာရင် ဘယ်လို အကူအညီတောင်းမလဲ?
ကိုယ့်ကိုကိုယ် အကောင်းမြင်ပြီး ချစ်တတ်လာအောင် ဘာတွေ လုပ်ရမလဲ? ဆိုတာတွေကို သင်ယူနိုင်မှာပါ။
ဖေဖေမေမေတို့ အနေနဲ့လည်း ကိုယ့်ကလေးရဲ့ mental health ကို ဂရုစိုက်ပေးသင့်တဲ့ အကြောင်းနဲ့ ကလေးကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လို ပံ့ပိုးကူညီပေးသင့်လဲဆိုတာ သင်ယူနိုင်မှာပါ။
အခန်းဆက်တွေ အနေနဲ့
Chapter 1 : Shana is an English genius?
Chapter 2 : I'm not a genius!
Chapter 3 : I want to disappear from this world
Chapter 4 : Say it frankly!
Chapter 5 : I love myself! ဆိုတဲ့ Chapter လေးတွေ ပါ၀င်ပါတယ်။
ဒါ့အပြင် ဒီ ကာတွန်းစာအုပ်လေးကို review လုပ်ပေးထားတဲ့ Korean child psychological counselling expert တစ်ယောက်ဖြစ်တဲ့ Dr Kwon Yun-jeong ရဲ့ Emotional control နဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေလည်း ပါ၀င်ပါသေးတယ်။
ဒါကြောင့် ဖေဖေမေမေနဲ့ သားသားမီးမီးတို့ တူတူဖတ်သင့်တဲ့စာအုပ်လေးပါပဲနော်။

arrow-up-circle Created with Sketch Beta.