Terms & Conditions
1. Members can choose and pay the chosen membership fees to start borrowing or continue membership. (Membership fees are non-refundable.)
2. Members can pick up books in person or use the delivery service. Delivery fees will vary depending on the location.
3. The duration of a loan period is two weeks. Overdue books are subject to a fine of 5000 kyats per week.
4. Care should be taken not to damage loan items and to return them on time.
5. Loss of books or major damage done to borrowed books will be subject to a fine according to the value of particular books. (Membership will be suspended or cancelled if the fine is not paid by members in due time.) Material loss or damage to the container will be subject to a penalty based on the value of the container.
6. Members have the option to buy credits to make book reservations. (Credit points are not refundable.)
7. Please confirm the rent order only after you have carefully selected the exact number of books according to your subscription. For instance, if you select and confirm the rent order of only 4 books out of your 6 books subscription, you won't be able to order 2 more additional books in this rent.
8. Since the regular rent duration is 2 weeks, Premium Package (12 books per rent) is recommended for quick readers and more than one readers.
9. Once you have pressed the return button, please place a new order as soon as possible because other members can borrow your returned books and they always do. If you don’t place a new order, we have to pick up returned books.
10. Sometimes, it takes a day to pick up the returned books you order from other members. In this case, we can only deliver to you the next day.
11. You won't be able to rent books if your subscription expiry is less than a week. Subscription renewal is required.
12. If you want to end your subscription, you will have to return your last borrowed books to the Library either personally or by delivery service. Delivery charges will apply if you want to use delivery service.
Benefits for members
Members can enjoy discounts on purchasing books from ONE ONE Book Shop during promotional events by showing active membership on their phone App. (expired memberships do not apply)
စာကြည့်တိုက်အသင်းဝင်များအတွက် စည်းကမ်းချက်များ
1. စာကြည့်တိုက်အသင်းဝင်များ အနေဖြင့် မိမိတို့ရွေးချယ်ထားသော Package အလိုက် အသင်းဝင်ကြေးကို ပေးသွင်းပြီး စာအုပ်များကို ငှားရမ်းခြင်း၊ အသင်းဝင်ကြေး သက်တမ်းတိုးခြင်း များကိုလုပ်ဆောင်နိုင်ပါသည်။(အသင်းဝင်ကြေးငွေပြန်အမ်းခြင်း မလုပ်ဆောင်နိုင်ပါ။)
2. မိမိတို့ငှားရမ်းထားသော စာအုပ်များကို ကိုယ်တိုင်လာရောက်ယူဆောင်ခြင်း (သို့မဟုတ်) Delivery Service ဖြင့်ငှားရမ်းခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ Delivery Serviceဖြင့် ငှားရမ်းလိုပါက ပို့ဆောင်ရမည့် မြို့နယ်အလိုက် ပို့ခ Delivery fees အနည်းငယ် ကွာခြားမှုရှိနိုင်ပါသည်။
3. စာအုပ်များ၏ ငှားရမ်းကာလမှာ (၂)ပါတ် ဖြစ်ပါသည်။ (၂)ပါတ် ကျော်လွန်မှ ပြန်အပ်ပါက ဒဏ်ကြေး (၁)ပါတ်လျင် ၅၀၀၀ ကျပ် ကောက်ခံသွားပါမည်။
4. မိမိတို့ငှားရမ်းထားသော စာအုပ်များကို ပျက်စီးခြင်းမဖြစ်စေရန် နှင့် ငှားရမ်းချိန် (၂)ပါတ် မကျော်လွန်ပဲ အချိန်မှီ ပြန်လည်ပို့ဆောင်ပေးရန် ဂရုစိုက်ပေးစေလိုပါသည်။
5. စာအုပ်ပျောက်ဆုံးခြင်း၊ ကြီးကြီးမားမားပျက်စီးခြင်း ဖြစ်ပေါ်ပါက ပျောက်ဆုံး (သို့) ပျက်စီးသော စာအုပ်တန်ဖိုးပေါ်မူတည်၍ သင့်တော်သောလျော်ကြေးကို ပေးဆောင်ရမည်ဖြစ်ပါသည်။ အကယ်၍ လျော်ကြေးပေးဆောင်ရန်ပျက်ကွက်ပါက စာအုပ်ငှားရမ်းမှုကို ရပ်ဆိုင်းထားခြင်း (သို့) အသင်းဝင်အဖြစ်မှ ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်သွားပါမည်။ စာအုပ်ပုံး ပျောက်ဆုံး (သို့) ပျက်စီးပါက ထိုစာအုပ်ပုံး၏ တန်ဖိုးပေါ်မူတည်ပြီး ဒဏ်ကြေးပေးဆောင်ရပါမည်။
6. အသင်းဝင်များအနေဖြင့် မိမိတို့ဖတ်ရှုလိုသောစာအုပ်များကို ကြိုတင်၍ Reservation ပြုလုပ်လိုပါက ခရက်ဒစ်ပွိုင့်များဝယ်ယူနိုင် ပါသည်။ (ဝယ်ယူပြီးသော credit points များကို ငွေပြန်အမ်းခြင်း မလုပ်ဆောင်နိုင်ပါ။)
7. စာအုပ်အရေအတွက်ကို Package အလိုက် မိမိစိတ်ကြိုက်ရွေးချယ်ပြီးမှသာ order ကို Confirm လုပ်ပေးပါ။ ဥပမာ မိမိက ၆ အုပ် package ကိုယူထားသော်လည်း ၄ အုပ်သာ order တင်ပြီး confirm လုပ်လိုက်ပါက နောက် ၂ အုပ်ကိုနောက်ထပ် ထပ်ငှား၍မရနိုင်ပါ။
8. Rent duration မှာ ပုံမှန်အားဖြင့် ၂ ပါတ်တကြိမ်ဖြစ်ပါသည်။ စာဖတ်မြန်သောကလေးများ (သို့) စာဖတ်သူ (၁) ဦးထက်ပိုလျှင် တစ်ကြိမ်လျင် (၁၂) အုပ်ငှား၍ရသော Premium Package ကို အသုံးပြုပါရန် အကြံပြုအပ်ပါသည်။
9. စာအုပ်များကို return လုပ်ပြီးသည်နှင့်တပြိုင်နက် အသစ်ထပ်ငှားပြီး အမြန်ဆုံးစာကြည့်တိုက်သို့ ပြန်လည်ပေးပို့ရန် မေတ္တာ ရပ်ခံ အပ်ပါသည်။ return လုပ်ပြီးသည်နှင့် တပြိုင်နက် အခြား member များက ၄င်းစာအုပ်များကိုထပ်မံငှားရမ်းသောကြောင့်ဖြစ်ပါသည်။
10. ရံဖန်ရံခါတွင် မိမိတို့အသစ်ငှားလိုသောစာအုပ်များ စာကြည့်တိုက်သို့ အချိန်မှီ ပြန်လည်မရောက်နိုင်တတ်သောကြောင့် ပို့ဆောင်ရန် ကြန့်ကြာမှုဖြစ်တတ်သည်ကို နားလည်ပေးစေလိုပါသည်။
11. Package သက်တမ်း ၁ ပါတ်သာကျန်ရှိပါက စာအုပ်ငှား၍မရနိုင်ပါ။ သက်တမ်းတိုးရန်လိုအပ်ပါသည်။
12. အသင်းဝင်သက်တမ်းကို မတိုးလိုတော့ပါက နောက်ဆုံးငှားရမ်းထားသောစာအုပ်များကို စာကြည့်တိုက်သို့ မိမိကိုယ်တိုင်လာရောက် ပို့ဆောင်ခြင်း သို့ Delivery ဖြင့်လာယူစေခြင်းကိုလုပ်ဆောင်ရပါမည်။ Delivery ဖြင့်လာယူစေလိုပါက ကျသင့်သော Delivery fee ကိုပေးဆောင်ရပါမည်။
အသင်းဝင်များအတွက် အကျိုးခံစားခွင့်များ
စာကြည့်တိုက်အသင်းဝင်များ အနေဖြင့် ONE ONE Book Shop မှ အခါအားလျော်စွာ ကျင်းပသော အရောင်းမြှင့်တင်ပွဲများတွင် စာအုပ်များဝယ်ယူပါက အသင်းဝင်ဖြစ်ကြောင်းကို မိမိတို့ဖုန်း၏ App တွင်ပြပြီး Discount ခံစားခွင့်ကို ရယူနိုင်ပါသည်။ (မှတ်ချက် သက်တမ်းကုန်နေသော အသင်းဝင်မှုများအကျုံးမဝင်ပါ)