ဝတ်ရည်လပ်ကီး ဆရာကြီး
Description
စာမျက်နှာ ၇၄ မျက်နှာ
ဝတ်ရည်လပ်ကီးဆရာကြီး_သံလွင်မြင့်
စာအုပ်အကြောင်း
ဒီစာအုပ်ဟာ အရွယ်ရောက်ကလေးငယ်များအတွက် သတင်းနှင့်မီဒီယာကိုအခြေခံရေးဖွဲ့ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ထဲမှာ အဟောင်းကမ္ဘာချုပ်ငြိမ်းပြီးပေါ်ပေါက်လာတဲ့ အသစ်ကမ္ဘာရဲ့ အေလီယန်ဇိုမြို့တော်က လူသားကောင်မလေး ဝတ်ရည်၊ အီမူးငှက်ကြီး လပ်ကီး၊ စက်ရုပ်ပုတု တို့ရဲ့ စွန့်စွန့်စားစား သတင်းသမား ဇာတ်လမ်းကို အရောင်စုံစုံ အရုပ်လှလှတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖတ်ရှုရမှာပါ။ ဘောစိမိကျောင်း၊ မျောက်မျိုးခင်၊ လူဆိုးငသိုက်၊ အဘဆိတ်၊ စက်ရုပ်သူဌေး မစ္စတာပြားချပ်အောင်မြတ် တို့ကလည်း ဒီဇာတ်လမ်းမှာ ပါဝင်အသုံးတော်ခံဦးမှာ ဖြစ်ပါတယ်။ နောက်ပြီး သတင်းမီဒီယာ ရဲ့ သဘောသဘာဝတွေကို ဇာတ်လမ်းလေးဖတ်ရင်း ကလေးတွေ လေ့လာလို့ရမယ့် စာအုပ်လည်း ဖြစ်ပါတယ်။
ဝတ်ရည်လပ်ကီး ဆရာကြီး ကို ကလေးစာပေရေးသားသူ သံလွင်မြင့် က ဇာတ်လမ်းရေးသားပြီး ကာတွန်းသရုပ်ဖော် ပေးသူကတော့ ဆရာစိုင်းခမ်းလိန် ဖြစ်ပါတယ်။
ရုပ်ပြစာအုပ်ဖတ်ခြင်းဟာ ဘယ်လိုမျိုးကောင်းကျိုးတွေရလဲဆိုတာလေးလည်း ကြုံကြိုက်တုန်းမှာ မျှဝေပေးချင်ပါတယ်။ အီလီနွိုက်တက္ကသိုလ်ရဲ့ သတင်းအချက်အလက်သိပ္ပံနှင့်စာကြည့်တိုက်ဌာနက ပါမောက္ခ ကာရိုလ်တီလီ ပြောပြထားတာလေးကြို ဖော်ပြပေးလိုက်ပါတယ်။ သူပြောပြထားတဲ့ ရုပ်ပြစာအုပ်တွေကပေးတဲ့ ကောင်းကျိုးတွေကတော့-
၁။ စာဖတ်ဖို့အင်တင်တင်ဖြစ်နေသူတွေကို ငမ်းငမ်းတတ်စာဖတ်သူဖြစ်လာအောင် ပြောင်းလဲပေးခြင်း
၂။ ရုပ်ပြစာအုပ်တွေဟာ စာဖတ်ရတာကို ခက်ခဲမှုဖြစ်နေတဲ့သူတွေကို ယုံကြည်မှုမျိုးတက်အောင် ကူပေးနိုင်ခြင်း
၃။ရုပ်ပြစာအုပ်တွေက သင့်ကလေးရဲ့ယူဆချက်တွေ အတွေးအခေါ်တွေ ချိတ်ဆက်မှုကို တိုးတက်စေခြင်း
၄။ ရုပ်ပြစာအုပ်တွေက သင့်ကလေးရဲ့ စကားလုံးကြွယ်ဝမှုကို တိုးတက်စေခြင်း
၅။ ရုပ်ပြစာအုပ်တွေဟာ အခြားသင်ယူမှုဆိုင်ရာစည်းကမ်းချက်များအတွက် အဖိုးတန်သောတွဲဖက်မှုတစ်ခု ဖြစ်နိုင်ခြင်း
၆။ ရုပ်ပြစာအုပ်အမျိုး
Credit: Third Story Project