ကခုန် ပျံလွှား တိမ်ရုပ်များ
Description
ဆယ်ကျော်သက်များအတွက်
စာမျက်နှာ ၁၀၂ မျက်နှာ
ကခုန်ပျံလွှားချင်တဲ့ ကလေးများအကြောင်း
ရပ်ကွက်ထဲမှာ ကစားကွင်းမရှိလို့ ကိုယ်ပိုင်ကစားကွင်းဆောက်ကြတဲ့ ကလေးများရဲ့ ကြိုးစားအားထုတ်ကြ ပုံ၊ အခက်အခဲများကျော်ဖြတ်ကြပုံကို ဇာတ်လမ်းဆင်ရေးသားထားတဲ့ စာအုပ်လေး။
ကခုန်ပျံလွှားတိမ်ရုပ်များ
ရေးသားသူ - မိုးသောက်
သရုပ်ဖော် - အေးချမ်းအောင်
ကလေးဘဝမှာကတည်းက ကလေးတွေဟာ သူငယ်ချင်းတွေကို ရွေးချယ်ပေါင်းသင်းခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့ခွင့်ရှိတယ်ဆိုတာ လက်တွေ့ပြသကြမယ့် ဖိုးစလုံး၊ ဇွဲကာရန်၊ ယွန်းစံ၊ ဆာဒီယာ၊ နန်းခတ္တာ၊ မြူးရွှင် စတဲ့ ကလေးတွေရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရပ်ကွက်လေးမှာ ကစားကွင်းမရှိလို့ ရှိအောင် ဆောင်ရွက်ကြတဲ့အကြောင်းပေါ့။ ဇာတ်လမ်းဆိုတဲ့အတိုင်း လွယ်လွယ်တော့ ဘယ်ဖြစ်ပါ့မလဲလေ။ အခက်အခဲတွေ၊ နှောင့်ယှက်ကြသူတွေ၊ မကူညီကြသူတွေကြောင့် ကျော်လွှားဖြတ်သန်းရတာတွေလည်း ရှိတာပေါ့။ ဇာတ်လမ်းတွေဆိုတာလည်း တကယ့်လက်တွေ့ဘဝကနေ စီးဆင်းလာတာပဲမလား။
မိဘတွေအနေနဲ့ ကိုယ်တိုင်ဖတ်ရှုပြီး သားသား/မီးမီးတွေဆီ မျှဝေပေးဖို့၊ ကိုယ့်မှာ ဆယ်ကျော်သက်အရွယ် ကလေးရှိတယ်ဆို ပေးဖတ်ဖို့ အသင့်တော်ဆုံးစာအုပ်လေးတွေထဲက တစ်အုပ်ဖြစ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကလေးပုံပြင်စာအုပ်လေးတွေ ဖတ်ပြဖို့ အထူးအရေးကြီးပါတယ်။
Credit: Third Story Project