ဘိုးဘိုးနဲ့ ငှက်လေးခုနှစ်ကောင် - Myanmar
Description
စာမျက်နှာ ၃၂
ဘိုးဘိုးးကိုချစ်တဲ့ မြေးလေးတွေအတွက်
ဒီပုံပြင်လေးကတော့ ကလေးတို့ကို letter writing အကြောင်း မိတ်ဆက်ပေးမယ့် ပုံပြင်လေးပါ။
ကိုယ်ပြောချင်တာကို တစ်ဖက်သား နားလည် သဘောပေါက် မြင်သာလာအောင် ရေးတတ်တာ၊ ယဥ်ယဥ်ကျေးကျေး ရေးတတ်တာ၊ စာကြောင်းလေးတွေ ချောမွေ့တာ၊ ဝေါဟာရ ကြွယ်ဝတာတွေဟာ စာရေးခြင်းရဲ့ စွမ်းရည်တွေပဲ။
ဒီပုံပြင်လေးက ဘိုးဘိုးနဲ့ အယ်မာ အပြန်အလှန်ရေးတဲ့ စာတွေနဲ့ချည်း ဇာတ်လမ်းဆင်ထားတာ။
ဘိုးဘိုးရဲ့စာလေးတွေနဲ့ အယ်မာ့ရဲ့ စာလေးတွေကို ဖတ်ကြည့်ပြီးရင် ကလေးတို့လည်း
ဘိုးဘိုးကို ပိုချစ်လာမယ်။
အယ်မာ့လို ချစ်စရာကောင်းတဲ့ ပေးစာလေးတွေလည်း ရေးတတ်လာမယ်။
သပိတ်လွယ်ငှက်လေးတွေအကြောင်း ရိုးရာကဗျာလေးတစ်ပုဒ်ကိုလည်း ဗဟုသုတအဖြစ် သိရမယ်။
သားသားမီးမီးတို့ထဲမှာ ဘိုးဘိုးကို သိပ်ချစ် ဘိုးဘိုးကိုအထင်ကြီးပြီး ဘိုးဘိုးနားကပ်ချွဲဲနေတဲ့ မြေးလေးတွေရှိကြလား။
ကလေးတို့က ကံကောင်းလို့ ဘိုးဘိုးနဲ့ အတူနေခွင့်ရတယ် ဆိုရင်တော့ ဒီပုံပြင်လေးကို ဘိုးဘိုးပေါင်ပေါ်မှာထိုင်ဖတ်ကြည့်နော်။
အခြေအနေအရ ဘိုးဘိုးနဲ့ ခွဲနေရတယ် ဆိုရင်လည်း ပုံပြင်လေးဖတ်ပြီး ဘိုးဘိုးဆီ အလွမ်းပြေ စာရေးကြည့်ကြတာပေါ့။
Credit: Dr May Mon