Loading ...

စိတ်ကြီးဝင်နေတဲ့ ဘာဂါလေး - Myanmar

Author ဒေါက်တာမေမွန်
In Library 1 books
Book ID MM 0041 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar
Remaining - (1) Books
Credit Point - 1 points

Description

စာမျက်နှာ ၂၈ မျက်နှာ
သားသားမီးမီးတို့အတွက် ကျန်းမာရေး ပညာ‌လေးပုံပြင်များ
အသီးအရွက် မစားတဲ့ ကလေးလေးတွေအတွက် ကျန်းမာရေး ပညာပေးပုံပြင်

တစ်ခါတုန်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ဘဝင်မြင့်နေတဲ့ ဘာဂါလေး တစ်လုံး ရှိသတဲ့။
သူ့ပုံစံက ပြည့်ပြည့်ဖောင်းဖောင်း ဝဝ ကစ်ကစ် လေးဆိုတော့ သိပ်ကို ချစ်စရာကောင်းတာပေါ့။
အလယ်က အသားပြားအထူကြီးရယ်၊ သူ့ကိုယ်ကနေ သင်းပျံ့နေတဲ့ အကောင်းစား ထောပတ်နံ့ရယ်က သူ့ကို ဂုဏ်တက်စေသတဲ့။

ချိုအီစိမ့်မွှေး ဘာဂါလေး
ပွားပါ ပွားပါ မြန်မြန်လေး။

တန်ခိုးတွေစုပေါင်း ငါ့ပုံပြောင်း
စားကြည့်လိုက်တော့ ကောင်းမှကောင်း။

ဒါက ဘာဂါလေးရွတ်နေကျ ဂါထာတွေ....
ချစ်စရာကောင်းတဲ့ ဘာဂါလေးအကြောင်း ပုံပြင်တစ်ပုဒ်အပြင်
ကလေးတို့ကြိုက်တဲ့ ဘာဂါလေးကိုပဲ ဘယ်လို ပုံပြောင်းပြီး စားရင် ကောင်းမလဲ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဆိုတာ ဘာလဲ

အစာအုပ်စု ၅စု အကြောင်း
ကလေးတို့ ရွေးရမယ့် ပန်းကန်ပြားလေး
အစားအစာ sudoku လေး
ကလေးတို့ ကိုယ်တိုင်ဆွဲရမယ့် menu
စသဖြင့် စိတ်ဝင်စားစရာ activities လေးတွေလည်း ပါတယ်။

ကျန်းမာချင်ရင် ကလေးတို့ရွတ်ရမယ့် ကဗျာလေးကတော့
မုန့်လေး မုန့်လေး မစားခင်တွေး
မုန့်လေး မုန့်လေး သေချာရွေး
မုန့်လေး မုန့်လေး အာဟာရပေး။

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.