Loading ...

အရုပ်တွေရဲ့ကမ္ဘာမှာ - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0038 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar
Remaining - (2) Books
Credit Point - 1 points

Description

စာမျက်နှာ ၅၆
သမီးလေးကို ပြောဖြစ်တဲ့ ပုံပြင်များ

စာအုပ်လေးက အလည်ခေါ် အရုပ်တွေရဲ့ ကမ္ဘာပေါ်
အရုပ်လေးတွေဟာ ကလေးတွေရဲ့ဘဝမှာ ပထမဆုံးသူငယ်ချင်းတွေပါပဲ။

အရုပ်လေးတွေကို သက်ရှိလို သဘောထားပြီး
နာမည်တွေပေး၊ စကားတွေပြော၊ မုန့်တွေကျွေး၊ အိပ်ရာထဲခေါ်သိပ် စတဲ့ ချစ်စရာ အပြုအမူလေးတွေကို ကလေးတိုင်းလိုလို လုပ်ဖူးကြပါတယ်။
ကလေးငယ်တွေရဲ့ အတွေးထဲမှာတော့ အရုပ်လေးတွေမှာ ကိုယ်ပိုင်မိသားစုတွေ ၊ သူငယ်ချင်းတွေ၊ ကိုယ်ပိုင်အိမ်လေးတွေနဲ့ အရုပ်ကမ္ဘာလေးတစ်ခု သီးသန့်ရှိလိမ့်မယ်လို့ ထင်ကြပါတယ်။

အရုပ်ချစ်တဲ့ ကလေးလေးတွေကို အရုပ်ကမ္ဘာလေးထဲ ခဏလောက် အလည်ခေါ်သွားချင်လို့ ဒီစာအုပ်လေးကို ထုတ်ဝေဖြစ်ခဲ့တာပါ။
စာအုပ်ထဲမှာ ပုံပြင် ၃ပုဒ် ပါပါတယ်။

ရက်ဂီ လိမ္မာသွားပြီ

နေ့ကလေးထိန်းကျောင်းက အရုပ်လေးတွေထဲမှာ ရက်ဂီဟာ ကလေးတွေ ဝိုင်းချစ်တာခံရတဲ့ အရုပ်လှလှလေးပေါ့။
ဒါပေမဲ့ ရက်ဂီက စိတ်ထားမကောင်းဘူး။
မနာလိုစိတ်များတယ်၊ စိတ်ပုပ်တယ်၊ ကြီးကျယ်တယ်၊ အနိုင်ကျင့်တတ်တယ်၊
အဲဒီ မကောင်းတဲ့ စိတ်တွေကြောင့် ရက်ဂီဘာအမှားတွေလုပ်ခဲ့မိသလဲ..........
နေ့ကလေးထိန်းကျောင်းလေးမှာ ရက်ဂီကြောင့် ဘာတွေဖြစ်ကုန်သလဲ ဆိုတာ......

ထူးဆန်းတဲ့ ခရစ္စမတ်ည

ခရစ္စမတ်ဘိုးဘိုးကြီးရဲ့လှည်းပေါ်ကနေ ပျောက်သွားတဲ့ အရုပ်လေးနှစ်ရုပ်အကြောင်းပါ။
ဘိုးဘိုးကြီးက သူတို့ပျောက်သွားတာ မသိလိုက်ဘူး။
သူတို့ ဘယ်ရောက်သွားသလဲ။
ထူးဆန်းတဲ့ နေရာတွေကို သူတို့ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ။
ဘိုးဘိုးကြီးနဲ့ ဘယ်မှာ ပြန်ဆုံကြသလဲ ဆိုတာ.......

မော်လီရဲ့ အရုပ်အိမ်လေး

မော်လီရဲ့ အရုပ်အိမ်လေးက သိပ်ကိုလှသတဲ့။
သူ့အချစ်ဆုံး အရုပ်လေး ၃ရုပ်ပဲ အဲဒီအိမ်မှာ နေခွင့်ရတာ။
ဒါပေမဲ့ အိမ်လေးထဲမှာ သူတို့ မပျော်ကြဘူး။
အရုပ်အိမ်လေးထဲမှာ မော်လီထင်မထားတဲ့ ပြဿနာတွေ ရှိနေသတဲ့။

ကြွေစက္ကူနဲ့. ပုံပြင် ရှည် ၃ပုဒ်၊ ရောင်စုံ စာမျက်နှာ ၅၆ မျက်နှာပါဝင်ပါတယ်။

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.