ခရမ်းရောင် ကြယ်သီးလေးများ - Myanmar
Description
စာမျက်နှာ ၃၂
အဘွားကို ချစ်လို့ ထုတ်ဖြစ်ခဲ့တဲ့ ပုံပြင်....
(အဘွားဆီမှာ ပုံပြင်ထဲကလို ကြယ်သီးတွေစုထားတဲ့ ချောကလက်ဘူးအဟောင်းလေး ရှိတယ်။)
ပုံပြင်ထဲက ခရမ်းရောင် ကြယ်သီးလေးများ
ရေချယ့်ဘဝမှာ ကြယ်သီးလေးတွေကို စပြီး သတိထားမိလာတာ မကြာသေးဘူး။
ကြယ်သီးလေးတွေကို ချစ်တတ်လာအောင်၊ တန်ဖိုးထားတတ်လာအောင် ဘွားဘွားက ပြောပြခဲ့တာ။
ဘွားဘွားဆီမှာ အက်ျီအဟောင်းတွေကနေ ဖြုတ်သိမ်းပြီး စုထားတဲ့ ကြယ်သီးလှလှလေးတွေ အများကြီးပဲ။
ကြယ်သီးတစ်လုံးစီမှာ သူတို့အလှဆင်ပေးဖူးတဲ့ အက်ျီတစ်ထည်စီ ရှိသလို ဘွားဘွားမှာလည်း ပြောပြစရာ အမှတ်တရလေးတွေရှိတယ်။
ဘွားဘွားကလည်း အပြောကောင်းတော့ ရေချယ်အတွက်တော့ ကြယ်သီးတစ်လုံး ပုံပြင်တစ်ပုဒ်ပဲ။
ရေချယ်က ခရမ်းရောင်ကြယ်သီးလေးတွေကို ဘာလို့မုန်းနေတာလဲ ?????
ဘွားဘွားပြောပြတဲ့ ခရမ်းရောင်ကြယ်သီးလေးတွေရဲ့ ရာဇဝင်က ဘာထူးခြားသလဲ ??????
ခရမ်းရောင်ကြယ်သီးလေးတွေက ရေချယ့်ကို ဘယ်လို ပြောင်းလဲသွားစေသလဲ ??????
ဘွားဘွားကို ချစ်ပြီး ဘွားဘွားနား ကပ်ချွဲနေကျ ကလေးလေးတွေ သိပ်သဘောကျတဲ့ ပုံပြင်လေးပါ.......
တစ်ခုခု အဆင်မပြေဖြစ်တဲ့အခါတိုင်း သူများကို လက်ညှိုးထိုး အပြစ်ရှာတတ်တဲ့ အကျင့်ဆိုးလေးတွေရှိခဲ့ရင်လည်း ရေချယ်နဲ့အတူ ပြုပြင်ကြရအောင်နော်။
Credit: Dr May Mon