ကြင်နာတတ်တဲ့ ယုန်ကလေး - Myanmar
Description
စာမျက်နှာ ၂၀ မျက်နှာ
ကြင်နာတတ်တဲ့ ကလေးလေးတွေ ဖြစ်လာစေဖို့
ကြင်နာတတ်တဲ့ ယုန်ကလေး
ဖိုးရွှေယုန်က ကြင်နာတတ်တဲ့ ယုန်လေးပါ။
ဖိုးရွှေယုန် ပြောပြတဲ့ ကြင်နာခြင်းတွေက အများကြီးပဲ။
ဒီပုံပြင်လေး ဖတ်ပြီးရင် သားသားမီးမီးတို့လည်း ကြင်နာခြင်းကို နားလည်ခံစားတတ်သွားမှာပါ။
စိတ်ကောင်းလေးတွေ မျိုးစေ့ချပေးမယ့် ပုံပြင်လေးတွေ
သားသားမီးမီးတို့ စာတွေတော်ရုံနဲ့ ကျေနပ်နေလို့ မဖြစ်သေးပါဘူး။
စိတ်ကောင်းရှိတဲ့ ကလေးလေးတွေ ဖြစ်လာဖို့လည်း လမ်းပြပေးရပါသေးတယ်။
ကြင်နာတတ်မှ
ကူညီတတ်မှ
စိတ်ကောင်းရှိမှ
ပတ်ဝန်းကျင်က အားထားရပြီး
လောကကြီးကို ကောင်းကျိုးပြုတဲ့ လူကောင်းလေးတွေ ဖြစ်လာမှာပါ။
ကလေးတို့ရဲ့ ပင်ကို သဘာဝက ကြင်နာတတ်ပါတယ်။ကူညီချင်စိတ်လေးလည်းရှိကြပါတယ်။
မိဘက အားပေးအားမြှောက်လုပ်ပေးဖို့၊ တွန်းအားလေးတွေ ပေးဖို့တော့ လိုပါတယ်။
ပုံပြင်လေးတွေ ဖတ်ပြပြီး ကလေးလေးကို စည်းရုံးရတာ အလွယ်ဆုံးနည်းပါပဲ။
Credit: Dr May Mon