Loading ...

ကြယ်တွေကောက်ဖို့ သွားကြစို့ - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0028 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar
Remaining - (2) Books
Credit Point - 1 points

Description

စာမျက်နှာ ၂၄
ပုံပြင်ထဲဝင်သိပ္ပံသင်
ကြယ်တွေကောက်ဖို့ သွားကြစို့

ဒီစာအုပ်လေးက ကြယ်မိုးရွာတဲ့ အကြောင်းကို ပုံပြင်လေးလို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
ကောင်းကင်ကြီးနဲ့ ကြယ်လေးတွေကို စိတ်ဝင်စားတဲ့ ကလေးလေးတွေ အတွက် သိပ္ပံသင်ပေးတဲ့ ပုံပြင်လေးပါ။

ကြယ်လေးတွေကို ငေးရတာ ၊ရေတွက်ရတာ၊ ကြယ်လေးတွေကိုကြည့်ပြီး စိတ်ကူးယဥ်ရတာ ကလေးဘဝရဲ့ ချိုမြိန်တဲ့ အရသာတစ်ခုဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ထူးဆန်းတဲ့ စိတ်ကူးတစ်မျိုးနဲ့ ကြယ်လေးတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ တိရစ္ဆာန်လေးတွေအကြောင်း ဖတ်ရင်း သူတို့နဲ့အတူ ရယ်ရမောရ ပျော်ရွှင်ရ စိတ်လှုပ်ရှားရမှာ ဖြစ်ပါတယ်။

ဖိုးရွှေယုန်လေးမှာ စိတ်ကူးယဥ် အိပ်မက်တစ်ခု ရှိတယ်။
သူ့အိပ်မက် အတွက် ကြယ်လေးတွေကို စွန့်စွန့်စားစား လိုက်ရှာနေသတဲ့။
သူနဲ့ အတူတူ ကြယ်ရှာထွက်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။
ကြယ်လေးတွေ ဘယ်နားမှာ ကောက်လို့ရလဲ ကလေးတို့ရော သိကြသလား။

ဖိုးရွှေယုန်တို့ရဲ့ ကြယ်ကောက်သွားတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်ကြရအောင်နော်။

မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေ
ကောင်းကင် ပေါ်က ကြွေ။

ကြယ်လေးတွေ ဘယ်ကိုရောက်
ငါတို့ ရှာရင်းပျောက်။

ကြယ်တွေစီးပြီး သွားကြမည်
ကောင်းကင်ကျယ်ကြီးဆီ။

မြန်မြန်လာပါ သူငယ်ချင်းတို့
ကြယ်တွေ ကောက်ဖို့ သွားကြစို့။

ဒီကဗျာလေးရွတ်ပြီး ဖိုးရွှေယုန်နဲ့အတူ ကြယ်လေးတွေဆီ လိုက်သွားရအောင်။

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.