Loading ...

စပ်စုလွန်းတဲ့ ဝက်ကလေး - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0019 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar
Remaining - (2) Books
Credit Point - 1 points

Description

စာမျက်နှာ ၃၀

ဒီပုံပြင်လေးကတော့ သားသားမီးမီးတို့ သိပ်ကို သဘောကျပြီးရတဲ့ ပုံပြင်လေးပါ။

စပ်စုလွန်းတဲ့ ချစ်စရာ ဝက်မလေး ပိုပိုအကြောင်းပေါ့။
ပိုပိုက ကလေးတို့လိုပဲ အမေးအမြန်းထူတယ်
အကုန်သိချင်တယ်
စူးစမ်းချင်တယ်

ဘာမဆို မေးလိုက်ရမှ၊ ကိုင်ကြည့်လိုက်ရမှ၊ လုပ်ကြည့်လိုက်ရမှ ပိုပိုက ကျေနပ်တာ။
ပိုပိုမေးလိုက်ရင်လည်း ကြံကြံဖန်ဖန် ထူးထူးဆန်းဆန်းတွေချည်းပဲ။
ပိုပိုလေးကြောင့် စိတ်ညစ်ရတာတွေ၊ အလုပ်ရှူပ်ရတာတွေရှိတာပေါ့။ တခါတလေကျတော့လည်း ရယ်ရတယ်လေ။
တကယ်တော့ ပိုပိုက အဲဒီလို မေးခွန်းတွေမေးနေတာသူများတွေကို နှောင့်ယှက်ချင်လို့ မဟုတ်ပါဘူး။

သူ့အတွေးထဲမှာ သိချင်တာတွေ ၊ စိတ်ဝင်စားတာတွေ ၊ စမ်းသပ်ချင်တာတွေ သိပ်ကို များနေလို့ပါ။

ဒီပုံပြင်လေးဖတ်ပြပြီးနောက်ပိုင်း ကားရဲ့ safety တွေ သင်တဲ့အခါ ကားဟွန်းတီးဖို့ ဖြေတတ်သွားတယ်လို့ ဝမ်းသာအားရ
ပြန်ပြောပေးကြတဲ့ မေမေတွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ တကယ်တော့ ပုံပြင်လေးကို ချက်ချင်းပြန်အသုံးချတတ်တဲ့ သားသားမီးမီးလေးတွေကိုပဲ ချီးကျူးရမှာပါ။

ကဲ အခုကိုပဲ သားသားမီးမီးတို့နဲ့ တူတဲ့ ပိုပိုလေးအကြောင်း သိချင်သွားပြီ မဟုတ်လား.......

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.