စေတနာကောင်းတဲ့ ဖိုးဖြူ - Myanmar
Description
စာမျက်နှာ ၃၂
Sharing နဲ့ caring အကြောင်း ကလေးတို့ကို သင်ပေးမယ့် ပုံပြင်လေး
ကလေးတို့ရေ...
ကူညီတယ်၊ မျှဝေတယ်ဆိုတာ ပိုလျှံပေါများ နေတဲ့ အချိန်မျိုးမှာ မခက်ခဲပေမဲ့ ကိုယ်တိုင် ရှားပါးနေတဲ့ အချိန်မှာဆို သိပ်မလုပ်နိုင်ကြဘူး။
ကိုယ်တိုင် အဆင်မပြေတဲ့ အခါ သူများတွေကို စာနာပေးဖို့၊ ဂရုစိုက်ပေးဖို့၊ ထည့်စဥ်းစားပေးဖို့ မေ့နေတတ်ကြတယ်။
တကယ်တော့ ပစ္စည်းတွေ၊ ငွေကြေးတွေပဲမျှဝေလို့ရတာ မဟုတ်ပါဘူး။
အချိန်တွေ၊ လုပ်အားတွေ၊ ပညာတွေ၊ စိတ်ခွန်အားတွေ စသဖြင့် အချင်းချင်း မျှဝေကူညီလို့ ရတာတွေ အများကြီးပါပဲ။
အချင်းချင်း ကိုယ်တတ်နိုင်တာလေးတွေ မျှဝေကြရင် ခက်ခဲတဲ့ အချိန်တွေကို ကျော်လွှားဖို့ လွယ်ကူတာပေါ့နော်။
စိတ်ကောင်းစေတနာတွေ၊ ကြင်နာခြင်းတွေ၊ ကူညီချင်စိတ်တွေဆိုတာ ကူးစက်ပျံ့နှံ့လွယ်တယ်။ ကမ္ဘာကြီးတွေအတွက် အဖိုးတန်တဲ့ ကူးစက်ခြင်းတွေပေါ့။
ကြောက်စရာ နှင်းမုန်တိုင်း ကြီးဝင်တဲ့ အချိန်မှာ ဖြူကောင်လေးရဲ့ စိတ်ကောင်းစေတနာတွေ ဘယ်လို ကူးစက်သွားသလဲ ...... ဖတ်ကြည့်ကြရအောင်နော်
Credit: Dr May Mon