ဖြူမလေးရဲ့ကျောပေါ်မှာ - Myanmar
Description
စာမျက်နှာ ၂၈
ပုံပြင်ထဲဝင် အရေအတွက်သင်
သားသားမီးမီးတို့အတွက်ရေတွက် ခြင်းပုံပြင်များ
ဖြူမလေးရဲ့ ကျောပေါ်မှာ
ဖြူမလေးက ဆောင်းခိုဖို့ နွေးနွေးထွေးထွေး အိမ်အသစ်လေး ဆောက်ထားတယ်။
အိမ်လေးလည်းပြီးရော သူ့ခမျာ အိမ်ထဲဝင်မရဘူးတဲ့။
သူငယ်ချင်းတွေက သနားစရာကောင်းတဲ့ ဖြူမလေးကို တစ်ယောက်တစ်မျိုး အကြံတွေပေးကြတယ်။
ဒါပေမဲ့ အဆင်မပြေတဲ့အပြင် ပိုပိုပြီးတောင် ခက်ခဲလာသတဲ့။
ကလေးတို့လည်း ဖြူမလေးကို အကြံပေးလိုက်ပါဦး။
သူ့ကိုဒုက္ခပေးနေတဲ့ ပစ္စည်းတွေကို ရေတွက်မှတ်သားရင်း ပုံပြင်ထဲက မေးခွန်းတွေကို ဖြေကြည့်ကြရအောင်။
ပုံပြင်လေးပြီးသွားရင်လည်း ၁ကနေစပြီးပြန်စဥ်းစားကြည့်ဦးနော်။
ဒါမှ ကလေးတို့ ပုံပြင်လေးကို ဘယ်လောက်စိတ်ဝင်တစား နားထောင်ထားသလဲ သိရမှာ......
ဒီပုံပြင်လေးဖတ်ရင်း
- ၁ ကနေ ၁၀ အထိ ဂဏန်းလေးတွေသင်ယူကြမယ်
- ပစ္စည်းလေးတွေ မှတ်သားတတ်အောင် ၊ ရေတွက်တတ်အောင် လေ့ကျင့်ကြမယ်
- အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်လာအောင် ကြိုးစားကြမယ်
- နားထောင်ထားတာလေးတွေ ဘယ်လောက်မှတ်မိလဲ မေမေနဲ့ အမေးအဖြေလေးတွေ လုပ်ကြမယ်လေနော်
Credit: Dr May Mon