Loading ...

ကျောင်းမှာပျော်တဲ့ကြွက်မလေး - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0003 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar
Remaining - (2) Books
Credit Point - 1 points

Description

စာမျက်နှာ ၃၄
ကျောင်းနေပျော်တဲ့ ကလေးလေးတွေ ဖြစ်လာစေဖို့

မေမေပြောတဲ့ ကျောင်းပုံပြင်
ကျောင်းနေပြီဆိုတာနဲ့ ကလေးတို့ရဲ့ တစ်နေ့တာအချိန်အတော်များများက ကျောင်းမှာပဲ ကုန်ဆုံးရတာဆိုတော့ ကျောင်းမှာ ပျော်အောင်နေဖို့ သိပ်ကို အရေးကြီးတာပေါ့နော်။

ဒီပုံပြင်ထဲက ကြွက်မလေး လယ်လယ်လိုပေါ့။
လယ်လယ်က သူ့ကျောင်းလေးကို ချစ်ခင်တွယ်တာတယ်။ အထင်ကြီးသဘောကျတယ်။ ကျောင်းမှာ သူ လုပ်ချင်တာတွေ၊ သူကြိုက်တာတွေ အများကြီးပဲ။
ပုံပြင်နားထောင်ရင်း လယ်လယ်နဲ့အတူ ကျောင်းလိုက်တက်ကြည့်ပါလား
ကျောင်းတက်ရတာ ဘာတွေ ပျော်စရာကောင်းလဲဆိုတာ လယ်လယ်က ပြောပြလိမ့်မယ်။
ဒါလေးကတော့ မနက်ကျောင်းသွားတိုင်း လယ်လယ် အော်ဆိုသွားနေကျ ကဗျာလေးပေါ့။

ကျောင်းသွားမယ် ကျောင်းသွားမယ်
အစောကြီးသွားမယ်

ကျောင်းရောက်ရင် လျှောက်လို့လည်
ကျောင်းကြီး အနှံ့ကွယ်

သူငယ်ချင်းတွေ စုလို့ရယ်
ခုန်ပေါက်ပြေးလွှား ကစားကြမယ်

မုန့်စျေးတန်းမှာ မုန့်တွေဝယ်
ပျော်တယ်ဟယ် ပျော်တယ်ဟယ်