Loading ...

စာဖတ်ပျင်းတဲ့ ပင်းပင်းလေး - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0004 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar
Remaining - (2) Books
Credit Point - 1 points

Description

စာမျက်နှာ ၃၄
စာဖတ်ပျင်းတဲ့ ကလေးလေးတွေ
စာဖတ်ရမှာ ကြောက်တဲ့ ကလေးလေးတွေကို
စိတ်ခွန်အားပေးမယ့် ပုံပြင်လေး....

စာဖတ်ပျင်းတဲ့ ပင်းပင်းလေး
ပင်းပင်းဟာ စာဖတ်ရမှာ သိပ်ကိုပျင်းတဲ့ ကျောင်းသူလေးပေါ့ကွယ်။ စာဆို ဘယ်စာမှကို မဖတ်ချင်တာ။
စာဖတ်တဲ့ အလေ့အကျင့်နည်းလွန်းတော့ စာကို ဖြောင့်ဖြောင့်တန်းတန်း ချောချောမွေ့မွေ့ မဖတ်နိုင်ဘူး။
ထစ်သွားလိုက်၊ ကျော်သွားလိုက်၊ လွဲသွားလိုက်၊ ရပ်သွားလိုက်နဲ့.....
အတန်းထဲမှာ စာဖတ်ပြရတဲ့အခါ အမှားတွေများလွန်းလို့ ခဏခဏ လှောင်ပြောင်ခံရရှာတယ်။

ဒီတော့ ပင်းပင်းဟာ စာဖတ်ရမှာ ပျင်းရုံတင်မကဘူး
ကြောက်လည်းကြောက် ရှက်လည်းရှက်နေတာပေါ့။

ပျင်းလို့ စာမဖတ်ရာကနေ မတတ်တော့တာတွေ၊ မှားမှာကြောက်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့တာတွေပါ ရောလာတဲ့အခါ စာဖတ်ရတာ စိတ်ညစ်စရာကြီးတောင် ဖြစ်လာပါလေရော။

လီလီဆိုတဲ့ ခွေးမလေးနဲ့ မမျှော်လင့်ဘဲ ဆုံရတဲ့အခါ
ပင်းပင်းရဲ့ စာဖတ်ချိန်လေးတွေက ပျော်စရာလေးတွေ ဖြစ်လာတယ်။

စာမတတ်တဲ့ ခွေးမလေးက ပင်းပင်း စာဖတ်တော်လာအောင် စာဖတ်ချင်လာအောင် ဘယ်လိုတွေများ ကူညီလိုက်ပါလိမ့်။

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.