ကြယ်ဖြစ်သွားတဲ့ သွားကလေး - Myanmar
Description
စာမျက်နှာ ၂၈
သားသားမီးမီးတို့အတွက် ကျန်းမာရေး ပညာလေးပုံပြင်များ
သွားတိုက်ပျင်းတဲ့ ကလေးလေးတွေ အတွက်
ဘိုဘိုဟာ ကြယ်လေးတွေကို သိပ်ချစ်သတဲ့။
ညအိပ်ခါနီးတိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကြယ်လေးတွေကို ရေတွက်နေကျ။
သူက ရေတွက်ရတာလည်း ဝါသနာပါတယ်။
သွားတိုက်ရင်တောင် သွားလေးတွေကို ရေတွက်ပြီး တိုက်သတဲ့။
ဘိုဘိုရဲ့ နဲ့နေတဲ့ သွားလေး ကျွတ်သွားတဲ့အခါ တစ်အိမ်လုံးက ဝမ်းသာကြတယ်။ ဘိုဘို ငယ်သွား စလဲပြီတဲ့။ ဘိုဘိုကတော့ ဝမ်းနည်းပြီး နှမြောလို့တဲ့ ။ ရေတွက်တဲ့အခါ သွားလေးတစ်ချောင်း လျော့သွားတာကိုး။
ဒါပေမဲ့ ကောင်းကင်မှာ ကြယ်လေးတစ်လုံး တိုးလာတော့မ
ယ်လို့ မမသွားနတ်သမီးလေးက ပြောသတဲ့....
ဘာကြောင့်များပါလိမ့်.....
ကလေးတို့လည်း သွားတိုက်ဖို့ ပျင်းနေရင် ကြယ်လေးတွေကို ပြေးကြည့်လိုက်နော်...
ကလေးတို့အတွက် သွားတိုက်နည်းတွေ၊ သွားလေးတွေကို ဂရုစိုက်နည်းတွေ၊ တစ်ပတ်စာ သွားတိုက်ဇယားနမူနာလေးတွေ လည်း ပါပါတယ်။
Credit: Dr May Mon