သားလေးကြီးရင်ဘာလုပ်မလဲ - Myanmar
Author
ဒေါက်တာမေမွန်
In Library
1 books
Book ID
MM 0033 MM
Category
Myanmar: For Early readers (Age 3-12)
Genres
Myanmar
Remaining - (1) Books
Credit Point - 1 points
Description
စာမျက်နှာ ၂၄
ကလေးတို့ရဲ့ စိတ်ကူးအိပ်မက်လေးတွေ ကွန့်မြူးလာစေဖို့
သားလေးကြီးရင် ဘာလုပ်မလဲ......
ဒီမေးခွန်းလေး မေးတဲ့အခါ ဖေဖေမေမေတွေရဲ့ မျှော်လင့်ချက် အကြီးကြီးတွေနဲ့ ကလေးတို့ရဲ့ ရိုးရှင်းတဲ့စိတ်ကူးသေးသေးလေးတွေ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး ။
သူတို့လေးတွေမှာလည်း ကိုယ်ပိုင်စိတ်ကူးလေးတွေ ရှိနေတတ်ပါတယ်။
ဒီပုံပြင်ထဲက ယုန်မိသားစုရဲ့ အမေးအဖြေလေးတွေဆို သဘာ၀ကျပြီး ချစ်စရာကောင်းလွန်းလို့ ထုတ်ဝေဖြစ်ခဲ့တာပါ။
မိသားစု တော်တော်များများရဲ့ လက်တွေ့ဘ၀ကို ထင်ဟပ်ပါတယ်။
နောက်ဆုံး ဘန်နီလေးရဲ့ ရွေးချယ်မှုက အံ့ဩစရာလေးပါ။
ကလေးတစ်ယောက်ချင်းစီမှာ ဒီလို ချစ်စရာ အံ့ဩစရာ အဖြေလေးတွေ ရှိနေမယ် ဆိုတာ သေချာပါတယ်။
ပုံပြင်ပြောရင်း မေးလိုက်ဖြေလိုက်နဲ့ ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ စာအုပ်လေးပါ။
Crd: Dr May Mon