Avatar: The Last Airbender-Imbalance Part 3
Description
Reading Age 9-14
Team Avatar faces their most dangerous foe yet as the bender vs. non-bender conflict turns into an all-out war in this action-packed conclusion to the Imbalance arc!
While Aang grapples with a life-changing decision that only he can make as the Avatar, Toph and Katara implore him--from opposite sides--to choose a path. Meanwhile, Ru and Yaling concoct a fiery ploy to get their mother back. The bender vs. non-bender conflict finally reaches a powerful boiling point, and for better or for worse, Cranefish Town will never be the same!
Written by Faith Erin Hicks (The Adventures of Superhero Girl, The Nameless City) and drawn by Peter Wartman (Stonebreaker), in collaboration with Avatar: The Last Airbender creators Michael Dante DiMartino and Bryan Konietzko, this is the ultimate continuation of Avatar!
Animation အနေနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ cartoon seriesတစ်ခုကိုပြောပါဆိုရင် Avatar: The Last Airbender ကိုလက်ညိုးထိုးပြရင် မှားနိင်မယ်မထင်ပါဘူး။ စာရေးဆရာ Gene Luen Yang နဲ့ Michael Dante Dimartino တို့ရဲ့ master piece လို့တင်စားရလောက်တဲ့အထိ storyline ကောင်းကောင်းနဲ့ graphics novel တစ်ခုဖြစ်တဲ့အတွက် သားသားမီးမီး တို့အကြိုက်တွေ့စေမှာ အမှန်ပါပဲ။
ဟိုးရှေးရှေးတုန်းက လေ၊ရေ၊မီး၊မြေ အစရှိတဲ့ မျိုးနွယ်တွေဟာ သဟဇာတ ကျကျ နေထိုင်ခဲ့ကြပြီး မျိုးနွယ်အားလုံးကို The Avatar လို့ခေါ်တဲ့ ဒြပ်စင်လေးမျိုးလုံးကို အသုံးပြုနိုင်တဲ့ အုပ်ချုပ်သူက ထိန်းညှိအုပ်ချုပ်ပေးပါတယ်။ ဒီလိုနဲ့ မီးနိုင်ငံရဲ့ ကျူးကျော်မှုကြောင့် ညီမျှမှုတွေ ပျက်စီးသွားခဲ့ကြရပြီး Avatar လည်း ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။
နှစ်ပေါင်း၁၀၀အကြာမှာတော့ ရေခဲပြင်ကြီးထဲမှာ Katara နဲ့ Sokka တို့မောင်နှမနှစ်ယောက် အမဲလိုက်ထွက်ခဲ့ရင်း ပျောက်ဆုံးနေတဲ့ Avatar ကိုတွေ့ရှိခဲ့ရပါတော့တယ်။ ပြန်လည်နိုးထလာခဲ့တဲ့ Avatar အလောင်းအလျာ Aang တစ်ယောက် လေးပြည်ထောင်ငြိမ်းချမ်းရေးရရှိနိုင်စေဖို့ ဘယ်လိုတွေကြိုးစားပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ?
Aang နဲ့ သူ့သူငယ်ချင်းတွေ ဘယ်လို စွန့်စားခန်းဖွင့်ကြဦးမလဲ? Kemurikage ရဲ့ နိမိတ်ဖတ် စကားအရ မီးနိုင်ငံတော်ဟာ အကျပ်အတည်းတစ်ခုနဲ့ ကြုံတွေ့နေရပြီး နိမိတ်ထဲမှာတော့ '' မင်းသား Zuko ကို နန်းမချပါက တိုင်းပြည်ပျက်ရမည်'' လို့ ဟောကြားခဲ့တာကြောင့် အခက်တွေ့နေရပါပြီ။
နိုင်ငံအတွင်းလည်း ကလေးတွေပျောက်ဆုံးနေကြပြီး New Ozai society အနေနဲ့ ဘာတွေလုပ်ကြဦးမလဲ? Aang နဲ့သူငယ်ချင်းတွေက ဒီအခြေအနေကို အစွမ်းကုန်ကယ်တင်ဖို့ကြိုးစားကြပေမယ့် အချိန်မှီ ကယ်တင်နိုင်ကြမလား?
အသက် ၁၂ နှစ်အထက် သားသားမီးမီး တွေဖတ်ရှုရန်သင့်တော်ပြီး Aang နဲ့ သူငယ်ချင်းတွေကြားက ယုံကြည်မှု၊ သစ္စာရှိမှုတွေကို မြင်တွေ့ရမယ့်အပြင် ရုပ်ထွက်ကမိမိုက်နေတဲ့ illustration တွေကြောင့် လက်ကမချစတမ်း ဖတ်ချင်နေစေမယ့် series လေးပဲဖြစ်ပါတယ်။