Spy x Family: Vol 1
Description
Reading age 12+
🔥 Spy x Family (Manga Series) 🔥
ကမ္ဘာ့အတော်ဆုံး သူလျှိုတစ်ယောက်၊ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ ကလေးမလေးတစ်ယောက်... သူတို့ သုံးယောက် "မိသားစုအတု" တစ်ခုအဖြစ် ဟန်ဆောင်နေထိုင်ကြတဲ့အခါ!
ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် Twilight လို့ခေါ်တဲ့ ထိပ်တန်းသူလျှိုဟာ ရက်သတ္တပတ်အတွင်းမှာပဲ ဇနီးနဲ့ သမီးတစ်ယောက်ကို အမြန်ဆုံးရှာပြီး မိသားစုတစ်ခု တည်ဆောက်ရပါတော့တယ်။ ဒါပေမဲ့ သူရွေးချယ်လိုက်တဲ့ ဇနီးသည်က လူသတ်သမား Yor ဖြစ်နေပြီး၊ သမီးလေး Anya ကလည်း တခြားသူတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့သူ ဖြစ်နေတာကိုတော့ သူ လုံးဝမသိခဲ့ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ရင်း၊ တစ်ဖက်မှာလည်း မိသားစုတစ်ခုလို သံယောဇဉ်တွေ တိုးလာပုံကို ရယ်မောစရာ၊ ရင်ခုန်စရာ Action ခန်းတွေနဲ့ ပေါင်းစပ်တင်ဆက်ထားပါတယ်။ Art Style ကလည်း အရမ်းကို သေသပ်လှပတာကြောင့် လူငယ်တွေကြားမှာ အအောင်မြင်ဆုံး Manga တစ်ခု ဖြစ်ပါတယ်။
အသက် (၁၂) နှစ်နဲ့အထက် လူငယ်များအတွက် အထူးသင့်လျော်ပါတယ်။
Spy x Family (Japanese: Supai Famirī) is a globally acclaimed manga and anime series about Twilight, a master spy who must "build a family" within a week to infiltrate an elite private school.
Unknown to him, the woman he chooses to be his wife is a deadly assassin, and his daughter is a telepath who can read their minds. While they all hide their secret lives to maintain the facade, they begin to discover what it truly means to be a family. It’s a perfect blend of high-stakes spy action and heartwarming domestic comedy.