Loading ...

ကလေးတို့ ပတ်ဝန်းကျင်မှ နတ်သမီးလေးများအကြာင်း - Myanmar

Author ဒေါက်တာမေမွန်
In Library 1 books
Book ID MM 0051 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar,
Remaining - (1) Book
Credit Point - 1 points

Description

စာမျက်နှာ ၇၂ မျက်နှာ
သမီးလေးကို ပြောဖြစ်တဲ့ ပုံပြင်များ
ပုံပြင်ထဲမှာ နတ်သမီးလေးအကြောင်းပါလာရင် ကလေးတို့မျက်လုံးလေးတွေ တလက်လက် တောက်လာကြတော့တာပါပဲ။

နတ်သမီးပုံပြင်လေးတွေဆိုတာ ကလေးဘဝရဲ့ အမှတ်တရတွေထဲက တစ်ခုပေါ့။
ကိုယ့်နားမှာ နတ်သမီးလေးတွေ ရှိနေတယ်လို့ စိတ်ကူးယဥ်ရတာကိုက ကျေနပ်ကြည်နူးစရာလေး။

ဒီစာအုပ်ထဲမှာ ထူးဆန်းတဲ့ နတ်သမီးပုံပြင် ၃ပုဒ်ပါပါတယ်။
ကလေးတို့ကြားနေကျ နတ်သမီးပုံပြင်လေးတွေနဲ့ မတူဘူးနော်။

မျက်ရည် နတ်သမီးဆိုတာ ကြားဖူးကြလား။ငိုနေတဲ့ ကလေးလေးတွေနားကို ငွေရောင်အိတ်ကြီးနဲ့ အပြေးရောက်လာပြီး မျက်ရည်တွေ လာသိမ်းသတဲ့။
သွားနတ်သမီး သင်တန်းမှာလည်း ပြိုင်ဆိုင်တာတွေ၊ မနာလိုတာတွေ ရှိသတဲ့။ နှင်တံတွေ လဲထားလိုက်တဲ့အခါ ဘယ်လိုထူးဆန်းတာတွေ ဖြစ်လာမယ် ထင်သလဲ။
နတ်သမီးလေးတွေ ကျောင်းတက်တော့မယ်ဆိုရင်နတ်သမီးမေမေတွေကလည်း တန်ခိုးတွေ ကြိုသင်ကြသတဲ့။ နတ်သမီးလေးတွေကလည်း ကလေးတို့လိုပဲ ကစားမက်တာပေါ့။ နတ်သမီးလေး ဘဲလာနဲ့ သူ့မေမေအကြောင်းပုံပြင်လေးက ချစ်စရာလေး။ရယ်လည်း ရယ်ရတယ်။

ပုံပြင်အရှည် ၃ပုဒ်ပါပါတယ်။
နတ်သမီးလေးတွေ အကြောင်း တဝကြီး စိတ်ကူးယဥ်လို့ရမယ့် စာအုပ်လေးပါ။
Favorite ကထုတ်တဲ့ ပုံပြင်စာအုပ်တွေထဲမှာ အထူဆုံးနဲ့ အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရတဲ့ စာအုပ်လေးပါ။

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.