အိန်ဂျယ်ရဲ့အိန်ဂျယ် - Myanmar
Author
ဒေါက်တာမေမွန်
In Library
2 books
Book ID
MM 0001 MM
Category
Myanmar: For Early readers (Age 3-12)
Genres
Myanmar,
Remaining - (2) Book
Credit Point - 1 points
Description
စာမျက်နှာ ၂၈
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ ကလေးလေးတွေ ဖြစ်လာဖို့ အိန်ဂျယ်ရဲ့ အိန်ဂျယ်
အိန်ဂျယ် မွေးပြီးကတည်းက မေမေနဲ့ ဘွားဘွားက စိတ်ကူးတွေ တအားယဥ်တတ်လာကြတယ်။
ဘွားဘွားရဲ့ စိတ်ကူးတွေထဲမှာတော့ အိန်ဂျယ်ဟာ ဘွားဘွားအတွက် ဘုရားသခင်က လက်ဆောင်ပို့ပေးလိုက်တဲ့ နတ်သမီးလေးပဲ။
ဒါကြောင့်ပဲ အိန်ဂျယ့်နာမည်က အိန်ဂျယ်ဖြစ်သွားတာ...
အိန်ဂျယ်က ကလေးဘဝရဲ့ အရသာတွေကို တစ်ခုမကျန်အားရပါးရ ခံစားပြီး သူ့ပုံစံနဲ့သူ၊ သူ့အကြိုက်နဲ့သူ လွတ်လွတ်ပျော်ပျော်ရွှင်ရွှင် ကြီးလာတယ်။
အိန်ဂျယ်ကကြီးလာလေ ဘွားဘွားမျှော်လင့်ထားတဲ့ နတ်သမီးလေးနဲ့ မတူတော့လေပဲ။
နတ်သမီးလေးနဲ့ မတူပေမဲ့ အိန်ဂျယ့်မှာလည်း တန်ခိုးတွေ ရှိသတဲ့။
အဲဒီ တန်ခိုးတွေက ဘာတွေလဲ။
ဘယ်မှာ သုံးလို့ရလဲ။
တန်ခိုးတွေက အိန်ဂျယ်ကို ဘယ်လို ကူညီပေးမှာလဲ။
Credit: Dr May Mon