Loading ...

အားကိုးရတဲ့ မေမေ့သား - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0022 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar,
Remaining - (2) Book
Credit Point - 1 points

Description

စာမျက်နှာ ၃၂
မေမေ့ကို တအားချစ်ပြီး မေမေ့နားက မခွာတဲ့ သားသားမီးမီးလေးတွေအတွက်
အားကိုးရတဲ့ မေမေ့သား

ဒီပုံပြင်လေးထဲက ဘဲဝါလေးက ကလေးတို့နဲ့ တော်တော့ကို တူတာ။ မေမေ့ကို သိပ်ချွဲ၊ သိပ်ကပ်ပြီး တစ်ချိန်လုံး မေမေ့နောက်ပဲ တကောက်ကောက်လိုက်နေသတဲ့။

ကြောက်စရာ တစ်ခုခု ကြုံရင်လည်း မေမေ့တောင်ပံအောက် ပြေးဝင်ပုန်းတာ တော်တော်နဲ့ပြန်ထွက်မလာဘူး။
အဲဒီလို မေမေပါမှ ၊ မေမေခေါ်မှ၊ မေမေ လိုက်ပေးမှ ဆိုတဲ့ ဘဲပိစိလေး က စူးစမ်း စွန့်စားချင်တဲ့ အရွယ် ရောက်လာတဲ့အခါ.......
ဆိုးချင်တော့လည်း ဇွတ်
လိမ္မာချင်တော့လည်း ဇွတ်
ပြောရခက်တဲ့ ဇွတ်ကလေးပေါ့ကွယ်။

ဘဲဝါလေးအကြောင်းဖတ်ရတာ ချစ်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်း၊ စိတ်လှုပ်ရှားစရာလည်းကောင်းတယ်။
သေချာတာကတော့ ဒီပုံပြင်လေး ဖတ်ပြီးရင် သားသားမီးမီးတို့ မေမေ့ကို အရင်ကထက် ပိုချစ်၊ ပိုကပ်၊ ပိုပြီး ဂရုစိုက်တတ်လာလိမ့်မယ်။ တစ်နေ့နေ့မှာ မေမေ့ကို ပြန်ပြီး ဂရုတစိုက် စောင့်ရှောက်ပေးနိုင်တဲ့ အခါ၊ မေမေကပြန်ပြီး အားကိုးရတဲ့ အခါ ဘယ်လောက် ဂုဏ်ယူကျေနပ်စရာကောင်းသလဲဆိုတာ ဘဲဝါလေးက ပြောပြပါလိမ့်မယ်။

အားကိုးရတဲ့ မေမေ့သား

ဘဲဝါလေး ဘဲဝါလေး
မေမေချစ်တဲ့ သားသားလေး
တွတ်တီးတွတ်တာ သူချွဲတတ်
မေမေ့နားမှာ ကော်လိုကပ်
မေမေ့ဘေးမှာ ကွေးကွေးလေး
မေမေပါမှ သူစိတ်အေး။

မောင်ဘဲဝါလေး ပြောင်းလဲလာ
မေမေလိုက်ရင် မကြိုက်တော့ပါ
ကြီးစိတ်ဝင်တဲ့ ဘဲဝါလေး
မေမေ့နားက ရှောင်ခွာပြေး။

ကိုယ့်အားကိုယ်ကိုး သွားလာချင်
စွန့်စားကြည့်ဖို့ ခြေလှမ်းပြင်
မေမေ့ကိုပါ စောင့်ရှောက်ဖို့
ဘဲဝါလေးက ကြိုးစားလို့
မေမေ့ရှေ့က ကာကွယ်ပေး
အားကိုးရတဲ့ မေ့သားလေး။