Loading ...

လယ်လယ် ချစ်တဲ့ မောင်လေး - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0045 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar,
Remaining - (1) Book
Credit Point - 1 points

Description

စာမျက်နှာ ၃၂
မောင်လေး ညီမလေးတွေကို ချစ်တတ်လာစေဖို့
မောင်နှမ အကြီး ဖြစ်လာမယ့် သားသားမီးမီးတို့အတွက်
တိုးလို့ချစ်ခင်မောင်နှမ ပုံပြင်

လယ်လယ် ချစ်တဲ့ မောင်လေး

အငယ်လေးရောက်လာလို့ သားသားမီးမီးတို့ကို
အရင်လို မချစ်တော့ဘူးလား
ဂရုမစိုက်တော့ဘူးလား
အလိုမလိုက်တော့ဘူးလား တွေးပူနေတဲ့ ကလေးလေးတွေအတွက်
မောင်နှမ သံယောဇဥ်ကို ပြောပြပေးမယ့် ပုံပြင်လေး......

အကြီးလေးတွေအတွက် ခံစားပြီး
အကြီးလေးတွေကို ကိုယ်စားပြုပြီး
အကြီးလေးတွေကို နားလည်စာနာစိတ်နဲ့
ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

မေမေက မောင်လေးကဲကဲကို မွေးလာတဲ့အခါ မမလယ်လယ့်မှာ စိုးရိမ်စိတ်လေးတွေ ဝင်လာပါတယ်။
ဖေဖေမေမေက အရင်လောက် သူ့ကို ချစ်ပါ့မလား
အငယ်လေးလောက် ချစ်ရဲ့လား
အဲဒီ အတွေးတွေ ဝင်လာပါတယ်။

တကယ်တော့ လယ်လယ့်ခမျာမှာ ရုတ်တရက် မမ ဖြစ်သွားရပေမယ့် သူကိုယ်တိုင်က ကလေးလေးပါပဲ။
မိဘတွေ စိတ်တိုင်းကျ ရင့်ကျက်ဖို့ အချိန်တွေ မောင်နှမ သံယောဇဥ်တွေ လိုပါတယ်။
မောင်လေး ကဲကဲကို ဂရုစိုက် ယုယနေတာတွေမြင်ရင် ဝမ်းနည်းအားငယ်တာ၊ သဝန်တိုတာ၊ မနာလိုတာ၊မိဘတွေရဲ့ အချစ်ကို ခွဲဝေမပေးချင်တာတွေ၊ အငယ်လေးအပေါ် နိုင်ချင်တာတွေ သူ့စိတ်ထဲ ပေါ်လာတာ ကလေးသဘာဝပါပဲ။

ဖေဖေနဲ့ မေမေအတွက် ကိုင်တွယ် ဖြေရှင်းရခက်တဲ့ ပြသနာ တစ်ခုပေါ့။
နောက်ဆုံးမှာတော့ လယ်လယ်ဟာ မောင်လေးကို သိပ်ချစ်တဲ့ မမကြီးဖြစ်သွားတယ်။
မောင်လေးက သူ့အတွက်ပြိုင်ဘက် မဟုတ်ဘူး၊ သူ့ကို အားကိုးချစ်ခင်ပြီး သူနဲ့အတူတူကြီးပြင်းလာမယ့် အရင်းနှီးဆုံး မိသားစုဝင်လေး၊ ဖေဖေမေမေက သူ့အတွက်ပေးတဲ့ တစ်သက်တာ လက်ဆောင်လေး ဆိုတာ လယ်လယ်သဘောပေါက်သွားတယ်။

တကယ်တော့ မိဘမေတ္တာဟာ ခွဲဝေယူရတဲ့ အရာမျိုးမဟုတ်ဘူး။ နှစ်ယောက်ရှိရင် နှစ်ဆပွားပြီး သုံးယောက်ရှိရင် သုံးဆပွားနိုင်တဲ့ မေတ္တာမျိုးဆိုတာ ကလေးတိုင်း နားလည်ခံစားနိုင်ကြပါစေ။

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.