Loading ...

ရှက်တတ်တဲ့ ကြောင်ကလေး - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0035 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar,
Remaining - (1) Book
Credit Point - 1 points

Description

စာမျက်နှာ ၂၄
ရှက်တတ်တဲ့ သားသားမီးမီးလေးတွေ အတွက်

ကျွန်မသမီးလေးငယ်ငယ်က သိပ်ရှက်တတ်ပါတယ်။
ဒါကြောင့်ရှက်နေတဲ့ ကလေးလေးတွေ မြင်ရင် ကျွန်မအလိုလို ချစ်စိတ်တွေ၀င်ပြီးသူတို့နဲ့ထပ်တူ ခံစားပေးလို့ရပါတယ်။

အရှက်အကြောက်ကြီးတာ အပြစ်တစ်ခု မဟုတ်ပါဘူး။
ဖေဖေမေမေတွေရဲ့ နားလည်စာနာမှုတွေ၊ အားပေးကူညီမှုတွေနဲ့ ဖြည်းဖြည်းချင်း ပြုပြင်ယူရမယ့် အခြေအနေမျိုးပါ။
ပုံပြင်လေးဖတ်ပြီး ကလေးတို့ရဲ့ ရှက်စိတ်လေးတွေ လျော့နည်းသွားရင်ပဲ ဖြစ်ဖြစ်၊ ဖေဖေမေမေတို့ရဲ့နားလည်မှုလေးတွေ ပိုတိုးလာရင်ပဲဖြစ်ဖြစ် ဒီစာအုပ်လေးကို ထုတ်ဝေရကျိုးနပ်ပါပြီ။

ရှက်တတ်တဲ့ ကြောင်ကလေး
မိကျားလေးဟာ အင်မတန် ရှက်တတ်တဲ့ ကြောင်လေးပေါ့ကွယ်။
ရှက်လွန်းတော့လည်း သူ့မှာ သူငယ်ချင်း နည်းနေတာပေါ့။
ရှိတဲ့ သူငယ်ချင်းတွေနဲ့လည်း စိမ်းနေတာပေါ့။
နှုတ်ဆက်ရမှာရှက်၊ ပြောရမှာရှက်၊ရင်းရင်းနှီးနှီး နေရမှာလည်း ရှက်နေတာကိုးကွဲ့။
ရှက်စိတ်တွေ ဖိစီးလွန်းတော့ မိကျားလေးရဲ့ နေ့စဉ်ဘ၀မှာ ကိစ္စအသေးအဖွဲလေးတွေကအစ ခက်ခဲနေတာပေါ့ကွယ်။

ကလေးတို့ရော မိကျားလေးလို ကြုံဖူးကြသလား......

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.