Loading ...

သားလတ်အတွက် လက်တောင် - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0043 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar,
Remaining - (2) Book
Credit Point - 1 points

Description

စာမျက်နှာ ၃၂
အလတ်လေးတွေ အတွက်
တိုးလို့ချစ်ခင်မောင်နှမ ပုံပြင်

သားလတ်အတွက် လက်ဆောင်

ဒီပုံပြင်လေး ကတော့ မိသားစုထဲမှာ အချစ်မခံရဘူးလို့ ထင်နေတဲ့ အလတ်လေးတွေအတွက် ခံစားရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
မောင်နှမ သံယောဇဥ်ကို ပြောပြပေးမယ့် ပုံပြင်လေးပါ။

တချို့ အလတ်လေးတွေမှာ အထီးကျန်ခံစားချက်လေးတွေ ရှိနေတတ်ပါတယ်။
အကြီးလေးလောက် ဦးစားပေးတာ မခံရ
အငယ်လေးလောက်လည်း အလိုလိုက်မခံရ
မိသားစုတွေရဲ့ အချစ်လည်း သေသေချာချာ မခံရဘူးဆိုပြီး အားငယ်နေတတ်ကြပါတယ်။

ဝမ်းနည်းသိမ်ငယ်တဲ့ စိတ်အခံလေးရှိနေတော့ မိသားစုထဲမှာ အလိုမကျတာတွေ၊ အဆင်မပြေတာလေးတွေ ရှိလာတတ်ပါတယ်။ဒီပုံပြင်ထဲက သားလတ်လေးလိုပေါ့။
သားလတ်ထင်နေတာက အိမ်မှာ ဖေဖေနဲ့ မမက တစ်ကမ္ဘာ၊ မေမေနဲ့ ညီညီက တစ်ကမ္ဘာ၊ သူနဲ့ အရုပ်လေး ပါပီက တစ်ကမ္ဘာ သပ်သပ်စီ ဖြစ်နေသလိုပဲ။
ဒါပေမဲ့ ပါပီ ပျောက်သွားတဲ့ တစ်နေ့မှာတော့ သူ့ကမ္ဘာလေးထဲမှာ ပါပီအပြင် ဖေဖေနဲ့ မေမေရော၊ မမနဲ့ ညီလေးပါ ရှိနေတယ် ဆိုတာ မမျှော်လင့်ဘဲ သိလိုက်ရတယ်။

တကယ်တော့ အလတ်လေးတွေဟာ အကောင်းမြင်စိတ်နဲ့ ကြည့်ရင် ကံထူးသူတွေပါ။
ကိုယ်က အားကိုးမှီခိုလို့ရတဲ့ အကြီးလည်းရှိတယ်။
ကိုယ်က ဆရာလုပ် စောင့်ရှောက်ပေးရမယ့် အငယ်လေးလည်းရှိတယ်။
မောင်နှမတွေထဲမှာ အကြီးရောအငယ်ပါ လုပ်ခွင့်ရသူတွေပေါ့။
ဒါဟာအလတ်လေးတွေအတွက် သဘာဝက ပေးထားတဲ့ လက်ဆောင်ပေါ့ကွယ်။

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.