Loading ...

The Bad Beginning: Unfortunate Events 1

Author Lemony Snicket
In Library 2 books
Book ID JB 0186 UE1
Category Middle Grade Mystery, Gothic Fiction (Age 8-14)
Genres Drama, Gothic fiction, Mystery fiction,
Remaining - (1) Book
Credit Point - 2 points

Description

Reading age 8-12

In the tradition of great storytellers, from Dickens to Dahl, comes an exquisitely dark comedy that is both literary and irreverent, hilarious and deftly crafted. Never before has a tale of three likeable and unfortunate children been quite so enchanting, or quite so uproariously unhappy.

Are you made fainthearted by death? Does fire unnerve you? Is a villain something that might crop up in future nightmares of yours? Are you thrilled by nefarious plots? Is cold porridge upsetting to you? Vicious threats? Hooks? Uncomfortable clothing?

It is likely that your answers will reveal A Series of Unfortunate Events to be ill-suited for your personal use. A librarian, bookseller, or acquaintance should be able to suggest books more appropriate for your fragile temperament. But to the rarest of readers we say, "Proceed, but cautiously."

ကျွန်တော်တို့ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ သမရိုးကျ ပုံပြင်လေးတွေက အဆုံးသတ်လှပတဲ့ happy ending stories လေးတွေ ဖြစ်ပါတယ်။
ခုမိတ်ဆက်ပေးမဲ့ series လေးကတော့ တမူကွဲထွက်တဲ့ ဇာတ်လမ်းတွဲလေးပါ။ သာမန်ပုံပြင်ချိုချိုလေးတွေက ခွဲထွက်ပြီး လောကဒဏ်ရဲ့ ခါးသက်တဲ့ အတွေ့အကြုံကို မြည်းစမ်းချင်တဲ့ ကလေးတွေအကြိုက်ပါ။ Violet, Klaus နဲ့ Sunny Baudelaire ဆိုတဲ့ မိဘမဲ့ မောင်နှမ ၃ယောက်ဟာ ချစ်စရာကောင်းပြီး ထူးချွန်ထက်မြတ်တဲ့ ကလေးတွေပါ။ ဒါပေမဲ့ စိတ်မကောင်းစရာက သူတို့ဟာ ကံမကောင်းကြပါဘူး။ သူတို့ရဲ့ မိဘ၂ဦးစလုံးဟာ သူတို့အိမ်မီးလောင်မှုမှာ ပါဝင်သွားခဲ့ပြီး သူတို့အတွက် အမွေအမြောက်အများကို ချန်ထားခဲ့ပါတယ်။ သူတို့ရဲ့ အမွေအနှစ်ကို Mr.Poe ဆိုတဲ့ ပုဂ္ဂိုလ်က ထိမ်းသိမ်းပေးထားပြီး သူ့အိမ်မှာ အတူနေဖို့ ကမ်းလှမ်းပေမဲ့ ကလေးတွေက အဲဒီအိမ်မှာ မနေချင်ကြပါဘူး။
အဲဒါအစား သူတို့က သူတို့မမြင်ဘူးတဲ့ ဦးလေးဖြစ်သူ Olaf ဆီကိုသွားနေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမဲ့ Olaf က သစ္စာမရှိတဲ့၊ ပိုက်ဆံမက်တဲ့ လူဆိုးတစ်ယောက်ဖြစ်ပြီး ကလေးတွေရဲ့ အမွေကို မတရားသဖြင့် လိုချင်ဇောကပ်နေသူပါ။ တဖြည်းဖြည်းနဲ့ သူ့ရဲ့မျက်နှာဖုံးကွာကျလာပြီး ကလေးတွေကို နှိပ်စက်မှုတွေ ပြုလာပါတော့တယ်။ ဒါပေမဲ့ ကလေးတွေဟာ သူတို့ရဲ့ ဖြတ်ထိုးဥာဏ် ကောင်းမွန်မှုနဲ့ အခက်အခဲတွေကို တစ်ခုချင်း ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။
တစ်ခန်းပြီးတစ်ခန်း နောက်ထပ် ဘာဆက်ဖြစ်မလဲတွေးပြီး သည်းထိပ်ရင်ဖို ဖတ်ရှုရမှာပါ။
2017 မှာ Netflix က Mystery series အနေနဲ့ 3 seasons ရိုက်ကူးထားပါတယ်။
Age 9 years and above ကလေးများအတွက် ဖတ်ရှုရန် သင့်တော်ပါတယ်။

arrow-up-circle Created with Sketch Beta.