Loading ...

မိသားစု သံယောဇဉ် ပုံပြင်များ - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0048 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar,
Remaining - (2) Book
Credit Point - 1 points

Description

စာမျက်နှာ ၃၂
သမီးလေးကို ပြောဖြစ်တဲ့ ပုံပြင်များ

ဒီစာအုပ်လေး ထဲမှာ ပုံပြင် ၆ ပုဒ် ပါပါတယ်
ပုံပြင်တွေ တဝကြီး ဖတ်ရမှာပါ။

မိသားစု သံယောဇဥ် ပုံပြင်များဆိုတော့
ဘယ်လိုပုံပြင်လေးတွေ ဖြစ်မယ်ထင်ပါသလဲ

တေးသံချိုနဲ့တောင်ပံပျို
-------------------------------------
နွေးထွေးချစ်ခင်ပြီး အင်မတန် ပျော်စရာကောင်းတဲ့ ခိုမိသားစုလေးအကြောင်းပါ
ခိုသားသားလေးနဲ့ ခိုမီးမီးလေးကို ဘုရင်ကြီးရဲ့ အစေခံတွေက ဖမ်းခေါ်သွားတဲ့အခါ မိသားစုပြန်ဆုံနိုင်ဖို့ ခိုလေးတွေ ဘယ်လိုကြိုးစားခဲ့ကြသလဲ
ကလေးတို့ရေ..... မိသားစုဆိုတာ
ကလေးတို့ကို ခွန်အားတွေ အများကြီးပေးနိုင်တဲ့
ကလေးတို့ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ရတဲ့ တန်ဖိုးအကြီးဆုံးလက်ဆောင်ပါပဲ

ဘုရားပေးတဲ့ မေမေ
-------------------------------
ဘုရားသခင်က မေမေတွေကို ဖန်ဆင်းပေးတဲ့အခါ ဘယ်လိုတန်ခိုးတွေ၊ အစွမ်းသတ္တိတွေ ထည့်ပေးထားသလဲ
ကလေးတို့ မေမေ အကြောင်း မသိချင်ကြဘူးလား

လနတ်သမီးလေးရဲ့ ချစ်ခြင်းမေတ္တာ
-----------------------------------------------------
နေနတ်သမီးရယ်၊ လေနတ်သမီးရယ်၊ လနတ်သမီးရယ် ညီအစ်မ သုံးဖော် အကြောင်းပါ
သူတို့ထဲမှာ ဘယ်သူက မေမေ့ကို အချစ်ဆုံး ဖြစ်မယ်ထင်သလဲ

ဟင်းချိုကြိုက်တဲ့ မင်းသမီးလေး
------------------------------------------------
စားစရာတွေ အများကြီးထဲမှာမှ ဟင်းချိုကို စွဲစွဲလမ်းလမ်း ကြိုက်တတ်တဲ့ မင်းသမီးလေးအကြောင်းပေါ့
မင်းသမီးလေး ဟင်းချိုကြိုက်ရတဲ့ အကြောင်းရင်းက လျှို့ဝှက်ချက်ကွဲ့
မင်းသမီးလေးအတွက် အကောင်းဆုံးဟင်းချိုချက်ပေးနိုင်မယ့်သူက ဘယ်သူများပါလိမ့်

နီနီ့အတွက် ဘာဘီ
---------------------------
ကလေးတို့ရဲ့ အရုပ်လေးတွေကို အသက်ဝင်လာအောင် ဆုတောင်းဖူးကြလား
ဒီပုံပြင်ထဲက နီနီဆိုလည်း သူချစ်တဲ့ ဘာဘီရုပ်လေး အသက်ရှိလာအောင် တစ်ချိန်လုံး ဆုတောင်းနေသတဲ့
နီနီ့ရဲ့ ဆုတောင်းတွေ ဘယ်လို့ပြည့်သွားလဲ ဖတ်ကြည့်ကြရအောင်

ဂျင်မီရဲ့ ခြသေ့်
-----------------------
ဂျင်မီက ဖေဖေမေမေနဲ့ အခန်းခွဲ အိပ်ရမှာ ကြောက်နေတဲ့ ကလေးလေးပေါ့
သူ့ရဲ့ အိပ်ခန်းအသစ်လေးထဲမှာ အိမ်မက်ဆိုးတွေ ရှိနေတယ်လို့ ဂျင်မီက ထင်နေတာ
ဒါပေမယ့် သူ့ အိမ်မက်ထဲကို ခြသေ့်ကြီးတစ်ကောင် ရောက်လာတဲ့အခါ........

Credit: Dr May Mon

arrow-up-circle Created with Sketch Beta.