Loading ...

အာသာနဲ့ သူ့မေမေ - Myanmar

Author ဒေါက်တာမေမွန်
In Library 2 books
Book ID MM 0047 MM
Category Myanmar: For Early readers (Age 3-12)
Genres Myanmar,
Remaining - (2) Book
Credit Point - 1 points

Description

စာမျက်နှာ ၄၀
မေမေ့ကို ချစ်တဲ့ သားလေးတွေအတွက်

အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရတဲ့ စာအုပ်လေး
သားသားတို့ရဲ့ မေမေတွေ အများစုက ကျွန်မနာမည်နဲ့ အတူ တွဲမှတ်တွဲသိနေကြတဲ့ စာအုပ်လေး

အာသာနဲ့ သူ့မေမေ
တချို့သားသားလေးတွေက မီးမီးလေးတွေထက်တောင် မေမေ့ကို ပိုချစ် ပိုကပ် ပိုတွယ်တာကြတယ်ဆို။

တီတီ့မှာ သားလေးမရှိပေမဲ့ သူငယ်ချင်းတွေ ညီအစ်မတွေထဲမှာ မေမေ့ကို သိပ်ချစ်တဲ့ သားလေးတွေနဲ့ သားလေးကို သိပ်ချစ်တဲ့ မေမေတွေ ရှိတယ်။
မေမေတွေ အချစ်ပိုပြီး ပြောလေ့ရှိတဲ့ ချစ်စရာ သားလေးတွေ အကြောင်းက ဒီလို.......

မေမေ့နောက် အရိပ်လို တကောက်ကောက် လိုက်ချင်တဲ့ သား
အားနေပြီ ပျင်းနေပြီဆိုရင် မေမေ့ကို မေးခွန်းတွေ အမျိုးမျိုးနဲ့ ရစ်တတ်တဲ့သား
မေမေက နည်းနည်းလေး ဂရုမစိုက်တာနဲ့ အကြောင်းရှာ ဂျီကျတတ်တဲ့သား
မေမေဘယ်လိုပဲ သတိပေးပေး နမော်နမဲ့ ပေါ့ဆတဲ့သား
မေမေက မြှောက်ပင့်ခိုင်းရင် စိတ်ကြီးဝင်ပြီး အကုန်လုပ်ပေးတဲ့သား
မေမေ့လက်ရာမှ မေမေ့လက်ရာဆိုပေမဲ့ မေမေက ဒီဟင်းချက်ထားရင် ဟိုဟင်းပူဆာတဲ့ သား
အပြစ်တစ်ခုခု လုပ်မိရင် မေမေ့ကို ဘယ်ပြန်ညာပြန် မွှေးမွှေးပေးပြီး ချော့တတ်တဲ့သား
မေမေက ချော့မော့နှစ်သိမ့်လိုက်ရင် ဘာအခက်အခဲပဲဖြစ်ဖြစ် ရုတ်တရက် အဆင်ပြေသွားတတ်တဲ့ သား

ကလေးတို့ကရော ဘယ်လို သားမျိုးလဲ.....

ဒီပုံပြင်ထဲက ပုရွက်စားကောင်လေး အာသာဆိုလည်း မေမေ့ကို ရစ်လိုက် ဂျစ်လိုက်နဲ့ပေမဲ့ တကယ်တော့ မေမေ့ကို သိပ်ချစ်တဲ့ သားလေးတဲ့။
ဒီပုံပြင်လေးကို မေမေနဲ့ အတူတူဖတ်ပြီး အာသာနဲ့ တူမတူ အဖြေညှိကြည့်ပါဦးနော်.....
မေမေနဲ့ သားသားကြားက သံယောဇဥ်တွေ ပိုတိုးလာမှာ အသေအချာပဲ။

Credit: Dr May Mon